ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Saturday 24 September 2011

မွေးဖွားပြီးချင်း သေးဆုံးသွားတဲ့ မိခင်နဲ့အတူ မြေမြုပ်ခံရမည့် အသက်ရှင်လျက်ရှိ မွေးခင်းစကလေးငယ်ကို ကျန်းမာရေး ၀န်ထမ်းတစ်ဦး ကယ်တင်နိုင်ခဲ့

     ကလေးကို ကျန်းမာရေးဌာနကစောင့်ရှောက်ထားပုံ
 
 
စက်တင်ဘာ ၂ ရက်နေ့က၊ ဗီယက်နမ်နိုင်ငံ၊ Quang Na နယ်၊ တောင်ပေါ် ရွာလေးတစ်ရွာ မှာ ဖြစ်ခဲ့တာပါ၊  အသက် ၃၃ နှစ်ရှိ အမျိုးသမီး Ho Thi Yen ဟာ သားလေးကို မွေးဖွားပြီး မကြာခင် သွေးထွက်လွန်ရာကနေ သေးဆုံးသွားခဲ့ပါတယ်။ ဒေသဓလေ့ ယုံကြည်မှုအရ ကလေးမွှေးပြီး သေးဆုံး သွားတဲ့ မိခင်နဲ့တူ မွေးကင်းစကလေးကိုပါ တစ်ပါတည်း မြှပ်နှံပစ်ဖို့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ရွာသားတွေက စီစဉ်ကြပါတယ်။ ဒီအကြောင်းကို ကြားသိရပြီး အဲဒီဒေသရဲ့ ကျန်းမာဝန်ထမ်း အမျိုးသမီးတစ်ဦး ဖြစ်တဲ့ Ho Thi Hieu ဟာ မွေးကင်းစ ကလေးငယ်ရဲ့ အသက်ကို ကယ်နိုင်ဖို့ မိသာစုဝင်တွေနဲ့ ရွာသားတွေထံမှာ အသနားခံပါတယ်။ ဒါပေမဲ့ သူတို့က လက်မခံပဲ ပယ်ချခဲ့ပါတယ်။ နောက်ဆုံးဘယ်လိုမှ မေတ္တာရပ်ခံ မရအဆုံး သူမဟာ ကလေးကို လျှပ်တစ်ပျက် ကောက်ပွေ့ပြီး ကျန်းမားရေးဌာနထဲကို တစ်ဟုန်ထိုး ပြေးဝင်ခဲ့ပါတယ်။ နောက်ဆုံး Hieu ဟာ တန်ဖိုးရှိတဲ့ လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ကလေးကို  Quoc Khank (အမျိုးသားနေ့) ဆိုပြီး နာမည်ပေးလိုက်ကြပါတယ်။ ဒီဖြစ်ရပ်နဲ ပတ်သက်ပြီး ဖမ်းဆီးခံရသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါ။
                         (Source:http://talkvietnam.com ဒီမှာမူရင်းသတင်း

အထက်ပါဖြစ်ရပ်ကို ဒီနေ့ထုတ် Bangkok Post သတင်းစာက တဆင့်ဖတ်ရပြီး အသေးစိပ်သတင်းကို ထုံးစံအတိုင်း Internet မှာရှာကြည့်ပါတယ်။
ဒီသတင်းကို ဖတ်ပြီး အတော်လေး စိတ်မချမ်း မသာဖြစ်မိတယ်။ ဒီလို ရုးရုး ကြောင်ကြောင် စိတ္တဇ အယူအဆ၊ အစွဲအလမ်းတွေက အတော်ဒုက္ခပေးတာပဲလို့။ လူ့အသက်တစ်ချောင်းဆိုတာ လွယ်လွယ်နဲ့ ရတဲ့အရာ မဟုတ်။ အသက်ပေးပြီး မွေးပေးသွားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုမှ မထောက်ထား မစာနာ ကလေးငယ်ကို အသက်ရှင်လျှက် မြေမြှပ်ပစ်ဖို့ စဉ်းစားဝံ့ကြတယ်။ အမှန် မြေမြှပ်ပစ်ရမှာက အဲဒီ ရုးရုး ကြောင်ကြောင် ပုပ်သိုးနေတဲ့ အယူအဆတွေကိုပါ။ 

မိခင်တွေဟာ ကိုယ့်အသက်ထက် သူတို့ရဲ့ သား သမီးတွေ အသက်ရှင်ဖို့အတွက်ကိုသာ ဦးစားပေး စဉ်းစားကြပါတယ်။ တကယ်လို့ဒီအကြောင်းကို Quoc Khanh ရဲ့ မိခင် တမလွန်ကနေ သိမယ်ဆိုရင် ရင်နာလို့ ဆုံးမှာ မဟုတ်ဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်၊ မြန်မာနိုင်ငံက တစ်ပင်တိုင်မင်းသမီး ရှင်မွေးလွန်း အကြောင်း သွားသတိရမိတယ်၊ ဒီနေရာမှာ ရှင်မွေးလွန်းက အတော်လေး ကံကောင်းသေးတာပဲလို့ ဘာကြောင့်လဲဆိုတော့ မင်းသမီးကို မကောင်းဆိုးဝါးတွေပါလာမှာစိုးလို့ဆိုပြီး နန်းတော်ထဲ ၀င်ခွင့်မပြုဘဲ မြို့ပြင်မှာ အဆောင်အယောင် နဲ့ နေစေတာကလွဲလို့ ဘာအသက်အန္တရာယ်မှ မရှိခဲ့ပါဘူး။ ဗီယက်နမ်က Quoc Khanh လောက် အခြေအနေမဆိုးခဲ့ပါ၊ တော်သေးတယ် မြန်မာနိုင်ငံမှာ အဲဒီအစွဲအလမ်းတွေ စောစောပျောက်သွားတာ။

No comments:

Post a Comment