ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Sunday 11 September 2011

ထိရောက်တဲ့နည်းနဲ့ Assignment တွေလုပ်ကြမယ်

ရှေ့လ အောက်တိုဘာ ဆိုရင် မဟာချူလာလောင်ကွန်းတက္ကသိုလ် 2011စာသင်နှစ်၊ 1st semester (ပထမ ၆ လပိုင်း) စာမေးပွဲ စဖြေကြရတော့မည်ဖြစ်သည်။ စာမေးပွဲ နီးလာ၊ Assignment၊Homework တွေတစ်ပုံကြီးနဲ့ ကျောင်းသားများ ဖင်ပူ ခေါင်းပူကြရသည့် ရာသီမျိုးပါ။ ဒီလိုအချိန်တွေကို လေပြေတွေနဲ့ ကျော်ဖြတ်နိုင်ဖို့ ထိရောက်တဲ့ Assignment ၊Homework လုပ်နည်းအချို့ကို အတန်းဖော် သူငယ်ချင်းများအား  မျှဝေလိုက်ပါတယ်။
ကျောင်းစဖွင့်ပြီး Class စတက်ရပြီဆိုတာနဲ့ မကြာခင် သက်ဆိုင်ရာ Subject (ဘာသာရပ်) တွေရဲ့ Assignment၊ Essay၊  Report တွေကို လုပ်ရပါတော့တယ်။ ဒါက တက္ကသိုလ်ပညာသင်ကြားရေးမှာ ပါဝင်တဲ့ ကျောင်းသားတိုင်း မလုပ်မနေရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ Class assignment နဲ့ပတ်သက်ပြီး ကိုယ်လုပ်ရမည့် Topic ကို သိရပြီဆိုရင် Assignments အတွက် လိုအပ်တဲ့ Data အချက်အလက်တွေကို ရှာဖွေစုဆောင်းရပါမယ်။ ကိုယ်ရေးသားမည့် အကြောင်းအရာနဲ့ ပတ်သက်ပြီး Data တွေမြန်မြန်ရလေ ကိုယ်ရဲ့ Assignment စောစောပြီးဖို့ နီးလေပါဘဲ။  ဒါကြောင့် Data တွေကို အချိန်တိုတိုအတွင်းမှာ ထိရောက်တဲ့နည်းနဲ့ ရယူတတ်ရင် Assignment လုပ်ရတာ တော်တော်လေး ထိရောက်ပါတယ်။
ဆိုပါစို့ ကိုယ်ရေးရမည့် Topic က “The History of the Third Buddhist Council” ဒီလိုဆို ကိုယ်လိုချင်တဲ့ Data တွေကိုရဖို့ ဗုဒ္ဓဘာသာသမိုင်း အဓိကထား စာအုပ်တွေကိုကြည့်ရပါမယ်။ ဥပမာ- 2500 Years of Buddhism by P.V. Bapat၊ India Buddhism by A.K. Warder၊ Buddhism in India : 6th Century B.C. to 3rd Century A.D.၊ by Ashok Kumar Anand၊ Mahavamsa စတဲ့ သမိုင်းနောက်ခံ၊ သံဃာယနာအကြောင်းဦးစားပေး ရေးထားတဲ့ စာအုပ်တွေကို အလေးထား ဖတ်ရှုရပါမယ်။ အဓိက ကိုယ်လိုချင်တဲ့အချက်အလက်တွေရဖို့ စာအုပ်တစ်အုပ်လုံးကို အစမှအဆုံးထိ လိုက်ဖတ်နေစရာ မလိုပါ။ ပထမဆုံး Contents (မာတိကာ)စဉ်ကို အရင်ကြည့်ပြီး လိုအပ်တဲ့ Data အကြောင်းအရာတွေ ပါ မပါစစ်ကြည့်ပြီး လိုချင်တဲ့အချက်အလက်တွေကို ရွေးချယ် လေ့လာ ကောက်နုတ်ခြင်းပါ။ နောက်ပြီး စာအုပ်တစ်အုပ်ရဲ့ နောက်ဆုံးခန်း Index (အက္ခရာစဉ်အညွှန်း) မှာ အဓိက စကားလုံးတွေရှိတဲ့ နေရာတွေကို စာမျက်နှာနံပါတ်တွေနဲ့တကွ ဖော်ပြပေးထားလေ့ရှိပါတယ်၊ ကိုယ်ရှာဖွေနေတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေကိုရွေးပြီး ညွှန်ပြစာမျက်နှာ အတိုင်း စာအုပ်အတွင်းပိုင်းမှာ အလွယ်တကူ  ရှာတွေ့နိုင်ပါတယ်။
တကယ်လို့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး Data တွေရှာတဲ့အခါ မူးရင်းပါဠိတော်တွေကို အဓိက Source အဖြစ်ထားဖို့ အရေးကြီးပါတယ်။ ဥပမာ 1st and 2nd Council အကြောင်းလေ့လာမယ်ဆိုရင် ၀ိနည်းပါဠိတော်၊စူဠ၀ဂ္ဂ ကို မကြည့်လို့ မရပါ။ ကိုယ်ရေးသားမည့်အကြောင်းအရာ ပေါ်မူတည်ပြီး မူရင်း Source တွေကို တတ်နိုင်သမျှ ဦးစားပေး ချဉ်းကပ်ရပါမယ်။
တစ်ပြိုင်တည်းမှာပဲ ကိုယ်ရှာဖွေရရှိလာတဲ့ အချက်အလက်တွေကို အမြဲတမ်း Note လုပ်ထားရပါမှာ ဖြစ်ပြီး အချက်အလက်တွေကို ဖြတ်ရ၊မှတ်ရ၊ စုရ၊ပြုရပါမယ်။ ရလာတဲ့ အကြောင်းအရာတွေကို ကိုယ်ရဲ့ Knowledge ၊ Ideas တွေနဲ့ သုံးသပ်၊ ပေါင်းစပ်တတ်ပြီး ကိုယ်ပိုင်စကားလုံးတွေနဲ့ ပြန်ရေးချ၊ အသုံးပြု တတ်အောင် ကြိုးစားရပါမယ်။
အရေးကြီး လိုက်နာရမည့်ကျင့်ဝတ်တစ်ခုကကား မူရင်းစာရေးသူများရဲ့ ကျိုးစားအားထုတ်မှု၊ အသိဥာဏ်တွေကို လေးစားတန်ဖိုးရမှာဖြစ်လို့ Quotation (အကိုးအကား) References (ကျမ်းကိုး)တွေကို လိုအပ်သလို စနစ်တကျ ရိုးရိုးသားသား ဖော်ပြရခြင်းဖြစ်ပါတယ်။ 
ကိုယ်ရေးသားတင်ပြရမဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အခက်တွေ့နေပါက သက်ဆိုင်ရာ Lecturer တွေဆီမှာ အကြံဥာဏ် ၊ လမ်းနည်း လမ်းညွှန်ချက်တွေ တောင်းခံရမှာဖြစ်ပြီး ကိုယ့်စိတ်ထဲမှာ မရှင်းလင်းသည့် အချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆရာနဲ့ ဆွေးနွေးသင့်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်လုပ်ရမည့် Assignment တွေကို အချိန်တိုအတွင်းမှာ ထိထိရောက်ရောက်နဲ့ ပြီးစီးအောင် လုပ်နိုင်ပါလိမ့်မယ်။

“ဓမ္မအသံ The Voice of Dhamma မဂ္ဂဇင်း” ပါ ဒေါက်တာ ဓမ္မသာမိ (Oxford) ရဲ့ ပို့ချချက် စာဖတ်ခြင်းနှင့် ပြန်လည် အသုံးချခြင်း နည်းလမ်းအချို့ကို ဗဟုသုတ အဖြစ် ထပ်မံ ဖော်ပြလိုက်ပါတယ်။
(၁) Survey the issues/ subjects-အကြောင်းအချက်များအား ခြုံငုံလေ့လာခြင်း။ (ေယ်ဘုယ် အမြင်နှင့် အသေးစိပ် အမြင်- Bird’s eye view & worm’s view)
(၂) List all the issues/ subjects- အကြောင်းအချက်များ အားလုံးအား စာရင်းပြုခြင်း။
(၃)Grasp them under some main subjects- အကြောင်းအချက်များအား အဓိက အကြောင်းအချက်များ အဖြစ် အသုံးချခြင်း။
(၄) Decide which issues you will use in your wiring- မည်သည့် အကြောင်းအချက်များတို့အား ရေးသား အသုံးချမည်ကို ဆုံးဖြတ်ခြင်း။

မှန်ကန်တဲ့နည်းလမ်းတွေနဲ့ အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ကြပါစေ၊၊၊၊။။။

No comments:

Post a Comment