ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Friday 30 September 2011

စာမေးပွဲကောင်းကောင်းဖြေနိုင်ဖို့ အသုံးချ နည်းဗျူဟာအချို့

လာမည့် တနင်္လာနေ့ (၃-၁၀-၂၀၁၁) မှစပြီး မဟာချူလာလောင်ကွန်းတက္ကသိုလ်၊ ၂၀၁၁ စာသင်နှစ်၊ ပထမ (၆) လပတ် စာမေးပွဲ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။
အခုလောက်ဆို ကျောင်းသားအားလုံး ခေါင်းထဲမှာ စာမေးပွဲအကြောင်းက အမြဲနေရာယူနေလောက်ပါတယ်။  ခရီးခဲတစ်ခုကို ကျော်ဖြတ်နိုင်ဖို့ အသုံးချ နည်းကောင်းလေး အချို့ကို မိမိလေ့လာ သိမှတ်သလောက် သူငယ်ချင်းများထံ မျှဝေလိုက်ပါတယ်။ ကျောင်းသားတိုင်း အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြပါစေ....

  •  ကျန်းမာရေးနဲ့အညီ အာဟာရပြည့်ဝ အစားအစာများကိုစာပါး။ အိပ်ရေးဝအောင်အိပ်ဖို့ မမေ့ပါနဲ့။
  • စိတ်အပန်းဖြေ (၀င်လေ၊ ထွက်လေ ကိုမှတ်၍ စိတ်ငြိမ်အောင် ၁၀ မိခန့် ပြုလုပ်ပေးပါ။ ဘာမှ မလုပ်တတ်ရင် ဖြေးဖြေး မှန်မှန် အသက်ဝအောင် ရှူပေးနေရုံပါ။) ကိုယ်လက်လှုပ်ခြားမှုကို သင့်သလို ပြုလုပ်ပေးပါ။  
  •  စာမေးပွဲ မဖြေခင်ရော၊ ဖြေနေစဉ်မှာပါ စိတ်ကိုတည် ငြိမ်အောင်ထားဖို့ ကြိုးစားပါ။ တစ်စုံတစ်ခုကို တွေးပြီး စိတ်ပူပန်၊ ဖိစီးခြင်းမျိုးကို အထူးရှောင်ရှားပါ၊ ရှိနေရင် လျော့ချ ပယ်ပျောက်ပစ်ပါ။ စာမေးပွဲဖြေဆိုရာတွင် များစွာ ဒုက္ခ ပေးတတ်ပါတယ်။
  • စာမေးပွဲခန်း သို့ ၁၅ မိနစ် (သို့)မိနစ် ၃၀ လောက် စောပြီးရောက်လျှင် အကောင်းဆုံးပါ။
  • အဖြေလွှာရပြီးလျှင် ပထမဆုံး (နာမည်၊ IDနံပါတ်၊ ရက်စွဲ စသည့် ဖြည့်စွက်ရမည့်အရာများကို) ဦးစွာလုပ်ပါ။
  • ပထမဆုံး  မေးခွန်းလွှာ တစ်ခုလုံးကို သေသေချာချာ အရင်ဖတ်ပါ။ မေးခွန်းတစ်ခုခြင်းစီကို နားလည်အောင်လုပ်ပါ။ သေချာ နားမလည်မိခဲ့ရင် ကိုယ့်အဖြေနဲ့ လွဲနေတတ်ပါတယ်။
  • မေးခွန်းလွှာကို မရှင်းမလင်းဖြစ်နေရင် တာဝန်ရှိသူများကို မရှက်မကြောက်မေးဖို့ သတိရပါ။
  • ခွင့်ပြု ဖြေဆို ချိန်ကို သတိပြုပြီး ပုစ္ဆာတစ်ခုခြင်းစီကို အချိန်ကန့်သက်၍ ပြီးနိုင်အောင် ကြိုးစားပါ။
  •  အသက်ဝအောင်ရှူပြီး အလွယ်ဆုံး ပုစ္ဆာကို အရင်စဖြေပါ။ ဘာကြောင့်လဲဆိုတော့ ပထမဆုံးမေးခွန်းကို ကောင်းကောင်း ဖြေဆိုနိုင်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပြီး ရှေ့ဆက်ဖြေဆိုနိုင်ဖို့ များစွာ အထောက်အကူ ပြုပါတယ်။
  •  ခက်မဲ့ပုံပေါ်ပြီး ကျော်ထားခဲ့တဲ့ ပုစ္ဆာများကို ရနိုင်သလောက် ကြိုစားဖြေဖို့ မမေ့ပါနဲ့။
  •  ပုစ္ဆာများ မေ့ထား၊ကျကျန်၊ ဖြည့်စွက်ရမည့် အချက်မေ့ကျန် လွဲချော်မှု စတဲ့ အမှားမျိုးမရှိရအောင် နောက်ဆုံး အချိန်တိုမှာ  အဖြေလွှာတစ်ခုလုံးကို အစ အဆုံး ခြုံငုံစစ်ဆေးပါ။
  • အထက်ပါအချက်တွေနဲ့ OK ပြီဆိုရင်၊ သင်ကျော်ဖြတ်နိုင်ခဲ့တဲ့ ခရီးအတွက် ရလဒ်ကောင်းတွေ စောင့်ကြိုနေမှာ မလွဲပါ။

No comments:

Post a Comment