ထိုင်းနိုင်ငံတစ်ဝှမ်း နေရာတော်တော်များများမှာ လွန်ခဲ့တဲ့ နှစ်လ လောက်ကစပြီး ရေကြီးမှု ဒဏ်ကိုဆိုးဆိုး ရွားရွားခံနေရပါတယ်။ ရက်ရှည် ရေလွမ်းမိုးမှုကြောင့် လမ်းတံတား၊ အိုးအိမ်၊ စိုက်ပျိုးမြေယာတွေ အမြောက် အများ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိအခြေအနေထိ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ထိုင်းဘတ် ဘီလီယံ ၂၀ ခန့် ရှိကြောင်း မနေ့ကထုတ် Bangkok Post အင်တာနက်သတင်းစာမျက်မှာ ပါရှိခဲ့ပါတယ်။
ရေဘေးကြောင့် အစိုးရဌာနက အတည်ပြုစာရင်း သေဆုံးသူ (၁၂၃) ဦးရှိသွားပြီလို့ ဒီကနေ့ထုတ် Bangkok Post အင်တာနက် သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
အောက်ဖော်ပြပါ ဓာတ်ပုံများကတော့ မိမိတို့တက္ကသိုလ်အနီး ရိတ်သိမ်းချိန်တန်နေတဲ့ စပါးကွင်းများ ရေလွမ်းမှုခံနေရတာကို ဒီကနေ့ ညနေဖက်က ကိုယ်ကိုတိုင် ရိုက်ယူခဲ့ပါတယ်။
 |
ရေထဲမှ စပါးတွေကို ကြိုးစားပြီး ရသလောက်ဆယ်ယူနေကြတဲ့ လယ်သမားတွေပါ။ | |
|
|
|
|
|
 |
တက္ကသိုလ်ဝင်းလည်း ကျောင်းသားတွေအတွက်သာမဟုတ် လယ်သမားတွေအတွက်ပါ အရေးကြီး |
 |
စပါးတွေကို ဆယ်ယူဖို့ ပေါ့ပြား၊လှေတွေကို အသုံးပြုရ |
 |
အနားယူတဲ့ တဲ အခုတော့ ရေထဲမှာပါ |
 |
ရေဖုံးလွမ်းနေတဲ့ စပါးကွင်းထဲမှာပါ |
 |
ကံကောင်းလို့ တက္ကသိုလ်က ရေလွမ်းမှု မခံရတာ |
 |
ရိတ်သိမ်းချိန်တန်နေပေမဲ့ ရေကြီးလို့ ဘာမှမတတ်နိုင် |
 |
ရေထဲမှာ ပျက်စီးဆုံးရှုံးနေတဲ့ စပါးပင်တွေ |
 |
ရေအောက်ရောက်နေတဲ့ စပါးစိုက်ခင်း |
 |
လက်လွှတ်ဆုံးရှုံးရတော့မည့် စပါးကွင်း |
 |
ရေလွှမ်းမိုးခံနေရတဲ့ စပါးစိုက်ကွင်း |
 |
ခံစားတတ်သူတွေအတွက် ပန်းချီကားတစ်ချပ်ဖြစ်ပေမဲ့ ပိုင်ရှင် လယ်သမားအတွက်တော့ ရင်ပူရတဲ့ မြင်ကွင်းပါ |
 |
ခံစားတတ်သူတွေအတွက် ပန်းချီကားတစ်ချပ်ဖြစ်ပေမဲ့ ပိုင်ရှင် လယ်သမားအတွက်တော့ ရင်ပူရတဲ့ မြင်ကွင်းပါ |
No comments:
Post a Comment