ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Monday 22 August 2011

လူ့သမိုင်းခေတ်ဦး ကိုးကွယ်ပူဇော်ပသမှု


 ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။
အာရာမရုက္ခစေတျာနိ၊မနုဿာ ဘယတဇ္ဇိတာ။

ကြောက်ရွံ့ထိတ်လန့်ကုန်သောများစွာသော လူတို့သည်တောင်တို့ကို လည်းကောင်း၊ 
 တောတို့ကိုလည်းကောင်း၊နေရာတို့ကိုလည်းကောင်း၊အထိကရသစ်ပင်စသော 
 ကိုးကွယ်ရာတို့ကိုလည်းကောင်း ကိုးကွယ် ပူဇော်ပသ ကြကုန်၏။  
                                  (ဓမ္မပဒ ဂါထာ၊ ၁၈၈)
လူ့သမိုင်းစတင်ကတည်းက လူသားတို့ဟာ ကိုးကွယ်၊ယုံကြည်မှု ဘာသာတရားကို သူတို့ရဲ့ အတွေးအခေါ်၊ ယုံကြည်မှုပေါင်း  မျိုးစုံနဲ့ စိုးရိမ်ကြောက်လန့်မူတွေကို အခြေခံပြီး နားလည်သလို ပုံဖော်ဖန်တီးခဲ့ကြပါတယ်၊ လူသားတို့၏ ရှေးသမိုင်းဦးခေတ်မှာ အင်မတန် ကြမ်းတမ်း၊ကြောက်မက်ဖွယ်ကောင်းတဲ့ အယူအဆကိုးကွယ် ယုံကြည် မှုမျိုးကိုလည်း တွေ့ရပါတယ်၊ အကြမ်းတမ်းဆုံးကတော့ Human-sacrifice   လူ့အသက်    သွေးတို့ဖြင့် သူတို့ ကိုးကွယ်ယုံကြည်တဲ့ နတ်များကို သူတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်ဆိုတဲ့ လွှဲမှားတဲ့ ယုံကြည်မှုနဲ့ ပူဇော် ပသမှုဖြစ်ပါတယ်။ ဒီအပြုအမူ လုပ်ဆောင်ချက်ဟာ အဲဒီအခါက အရမ်းခေတ်စားတဲ့ ဘာသာထုံးတမ်းစဉ်လာ ကျင့်စဉ်တစ်ခုဖြစ် ခံယူခဲ့ကြပြီး တန်ဖိုးရှိတဲ့ လူ့အသက် ပေါင်းများစွာကို ပူဇော်ပသမှုပြုခဲ့ကြပါတယ်။  ဒီလိုကြမ်းတမ်းရက်စက်တဲ့ ယုံကြည်မှု ဘာသာရေး ကျင့်စဉ်တွေကို ကမ္ဘာ့သမိုင်း နေရာတော်တော်များများမှာ ရှိခဲ့ပါတယ်။ ဥပမာ အီဂျစ်၊ ဂရိ၊ရောမ၊ တရုတ်၊အိန္ဒိယ၊ပစိဖိတ်ဒေသ၊ မြောက်အမေရိက၊
တောင်အမေရိက၊ အနောက်အမေရိက၊ အာဖရိက စသည်နေရာဒေသတွေမှာ အများအပြား
တွေ့ရတယ်လို့ ဆိုပါတယ်။ Wikipedia[1] အဆိုအရ  ဒီလိုအတွေးအခေါ်အပြုအမူများကို နှစ်ပေါင်း ၅၀၀၀၀ ခန့် (Late Stone Age) အချိန်က စပြီး တွေ့ရှိရတယ်လို့ဆိုပါတယ်။ တရုတ်တွင် B.C 5 ရာစုတွင်စတင်တည်ဆောက်ခဲ့တဲ့ Great Wall မဟာတံတိုင်းကို ဆောက်လုပ်ရာတွင် သူ့အသက်ထောက်ပေါင်းများစွာကို ပူဇော်ပသမှုပြုခဲ့သည်ဟုဆို၏။ မြောက်အမေရိကတိုက်၊ ယခုလက်ရှိ မက္ကဆီကို၊ Maya ခေတ်တွင် Actes လူမျိုးတို့သည်  လူ့အသက်သွေးထောင်ပေါင်း
များတို့ဖြင့် နတ်ပူဇော်သမှုကို အကြီးအကျယ်ပြုခဲ့ကြ၏။ 2006 နှစ်တွင်ရိုက်ကူးခဲ့တဲ့ Apocalypto ရုပ်ရှင်ကားဟာ Maya Civilization ခေတ် သမိုင်းဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပါတယ်။ ပူဇော်ပသရာတွင်အသုံးပြုခဲ့တဲ့ ကျောက်ယာဇ်ပလ္လင်ကို မက္ကဆီကို ပြတိုက်တွင် ယခုထိသိမ်းဆည်း
ထားပါတယ်၊ ၄င်းပလ္လင်ပေါ်တွင် လူ့အသက်ပေါင်း တစ်သိန်းကျော်ကို ပူဇော်မှုပြုခဲ့သည်ဟုဆို ပါတယ်။ အိန္ဒိယ သမိုင်း ကိုးကွယ်ပူဇော်ပသမှု နှင့်ပတ်သက်၍လည်း တိရစ္ဆာန်၊လူ့ အသက် သွေးတို့ဖြင့် ကိုးကွယ်ပူဇော်ပသမှုမျိုးကို ဗုဒ္ဓဘာသာစာပေမှတ်တမ်းတွင် တွေ့ရှိရပါတယ်၊ နောက်ပြီး ထူးခြားတဲ့ဘာသာရေး ကျင့်စဉ်တစ်ခုကား  အိမ်ရှင်မတစ်ဦဟာ သူ့မရဲ့ခင်ပွန်း သေဆုံးသွားပါက သူနှင့်အတူ လိုက်သေပေးရခြင်းပင်ဖြစ်၏၊ ၄င်းကျင့်ဝတ်(Sati)ဟာ အိန္ဒိယ၏ အဓိက ဘာသာရေးတစ်ခုဖြစ်တဲ့ ဟိန္ဒူဘာသာရေးမှ ဆင်းသက်လာတဲ့ ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်၊ ဒီကျင့်ဝတ်ဟာ ၁၈ ရာစုလောက်ထိ ရှင်သန်ခဲ့ပုံပေါ်ပါတယ်။ Jules Verne ရဲ့ Around the World in Eighty Days ဆိုတဲ့ Adventure Noble ထဲမှာ အဲဒီအကြောင်းလေးကို မှတ်တမ်းတင်ထားတာကို သတိပြုမိလို့ရပါတယ်။
 မှက်မှောက်ခေတ် ၂၁ ရာစုမှာပင် အိန္ဒိယနိုင်ငံတွင် လူ့အသက်သွေးတို့ဖြင့် နတ်ပူဇော်သည့် ဖြစ်ရပ်များကို ကြားနေရပါတယ်။ UK က Sunday 5 March 2006 နေ့က ထုတ်တဲ့ “guardian” Internet[2] သတင်းစာမျက်မှာတွင် Indian cult kills children for goddess ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ရေးသားထားပါတယ်  Uttar Pradesh ပြည်နယ်မှာ ခလေးငယ်များကို သတ်၍  Kili နတ်သမီးကို ပူဇော်သည့်ဖြစ်ရပ်များကို အကျယ်တ၀င့်ရေးသားထားတာဖြစ်ပါတယ်၊ အိန္ဒိယပြည် မြောက်ပိုင်းတွင် အဖြစ်များပြီး ဝေးလံခေါင်သီ၊ ဖွိ့ဖြိုးတိုးတက်မှု မရှိသည့် အရပ်ဒေသတွေမှမှာ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုထားပါတယ်။ လူ့အသက်ကိုသတ်ပြီး လူသားမဆန်တဲ့ ဘယ်လိုပူဇော်ပသမှုမျိုး ကိုမဆို အိန္ဒိယဥပဒေအရ တရားဥပဒေချိုးဖောက်မှုဖြစ်ပြီး   ပြင်းပြင်း ထန်ထန် အရေးယူ ခံရ မှာဖြစ်ပါတယ်။ ဒီလိုလူသားမဆန်တဲ့ အပြုအမူတွေကိုယာဉ်ကျေးတဲ့ လူ့အသိုင်းကလက်ခံနိုင်စရာ အကြောင်းမရှိပါ။ အဲဒီလိုပြစ်မှုတွေ လွန်ကျူးသူတွေကို အိန္ဒိယအစိုးက သေဒဏ်ပေး၍ အရေးယူခဲ့ဘူးပါတယ်။[3] 

ဒီနေ့ခေတ် ၂၁ ရာစုထဲမှာပင် အဓိပ်ပါယ်မဲ့တဲ့ အယူအဆ၊ ကိုးကွယ်ပူဇော်ပသမှုတွေဟာ ရှင်သန် နေဆဲပါ။ မောဟအမှောင်မိုက်တွေနဲ့ အတွေးအခေါ်၊ ယုံကြည်မှုတွေပျက်စီးပြီး လောဘ၊ဒေါသ၊ မောဟ တရားတွေ အားကြီးကြီးစိုးနေသမျှ  ယဉ်ကျေးပြီး ပြည့်စုံတဲ့လူ့အသိုင်းအ၀န်းတစ်ခုဖြစ်လာဖို့ အလှမ်းဝေးနေအုံးမှာပါ။

 

နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

ဤ တော တောင် နေရာ အထိကရသစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် 
ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သော  ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာ 
ဟူသမျှကို ကိုးကွယ်ဆည်းကပ် ပူဇော်ပသခြင်းကြောင့် ဆင်းရဲဒုက္ခအပေါင်းတို့မှ မလွတ်မြောက်နိုင်။
                                (ဓမ္မပဒ ဂါထာ၊ ၁၈၉)

 

 

ရည်ညွန်း။  သာရိပုတ္တထေရ နှင့် သဟာယကဗြာဟ္မဏ၀တ္ထု၊ ဓမ္မပဒ
              သံကိစ္စသာမဏေ၀တ္ထု၊ ဓမ္မပဒ
              ၃၇ နတ်မင်း၊ ဦးဖိုးကျား
             http://en.wikipedia.org/


[1] http://en.wikipedia.org/wiki/Human_sacrifice#cite_note-102
[2] http://www.guardian.co.uk/world/2006/mar/05/india.theobserver
[3] http://www.religionnewsblog.com/5453/death-to-those-guilty-of-human-sacrifice

No comments:

Post a Comment