ဒီကနေ့ ကမ္ဘာ့တစ်ဝှမ်း နေရာအနှံ့လိုလို စီးပွားရေးနှင့်ဆက်စပ် ပတ်သက်နေတဲ့ အလုပ်လက်မဲ့ ပြဿနာတွေ၊ အကျင့်ပျက် အဂတိလိုက်စားမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ စားဝတ်နေရေး မပြေလည်မှုတွေ၊ စီးပွားရေး ကျဆင်းမှုတွေ စတဲ့ သတင်းမျိုးစုံကို ကျယ်ကျယ်လောင်လောင် ကြားနေရကြရပါတယ်။ စီးပွားရေး ပြဿနာဟာ မကြာသေးခင်က ဗြိတိန်နိုင်ငံမှာ ရုပ်ပျက်ဆင်းပျက် လုယက်၊ဖျက်ဆီး၊ အဓိကရုဏ်းဖြစ် ဖြစ်ပေါ်ခဲ့ရခြင်းရဲ့ အဓိက အခြေခံတစ်ချက်ဖြစ်တယ်လို့ BBC မြန်မာပိုင်းမှာ ဆွေးနွေးထားကြတာကိုလည်း ကြားလိုက် ရပါတယ်။ စားဝတ်နေရေးကို နိုင်ငံတိုင်း သတိထားရမယ်ဆိုတာ သက်သေပြရာရောက်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း အုပ်ချုပ်သူ လူတန်းစားတွေရဲ့ စီးပွားရေး အကျင့်ပျက် အဂတိ လိုက်စား မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ တစ်ကိုယ်ကောင်း ဆန်အတ္တကြီးမှုတွေ စတဲ့အပြုအမူတွေဟာ နိုင်ငံ မငြိမ်းချမ်း၊ မတိုးတက်၊ မကြီးပွားခြင်းရဲ့ အဓိက အကြောင်းအရာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုကြတာကို အမြဲတမ်းလို ကြားနေရပါတယ်။ ဒီတော့ မြန်မာ့နိုင်ငံအရေး မှာလည်း စီးပွားရေးကဏ္ဍဟာ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ ဘယ်သူမှ မငြင်းဆိုနိုင်ပါဘူး။
ဒီနေရာမှာ စီးပွားရေးသဘောနှင့် ပတ်သက်၍ မှတ်သားထိုက်၊စိတ်ဝင်းစားဖွယ်ကောင်းသော ပုံပြင် တစ်ပုဒ်ကို ဖော်ပြလို၏။ မတူညီတူကြတဲ့ လုပ်ငန်းရှင် နှစ်ယောက် အကြောင်းပါ။
ပထမလုပ်ငန်းရှင်ကား မိမိအလုပ်သဘောနှင့် ပတ်သက်၍ မှန်ကန်တဲ့ Method နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရှိ၏။ အခွင့်အရေးကို အောင်မြင်မှု၏ Key အဖြစ် ယုံကြည်၏။အချိန်၏တန်ဖိုးကို လေးစား၏။ Customer Is Always Right အဆိုကို ကျေကျေနပ်နပ် လက်ခံ၏။ Giving နှင့် Taking ရဲ့ ညီမျှခြင်းကို တန်ဖိုးထား၏။ တစ်ကိုယ်ကောင်း ကောင်းစားရေးဝါဒကို ဆန့်ကျင်ပြီး၊ စာနာတဲ့စိတ်ရှိပြီး ကိုယ့်အလုပ်ကို မှန်မှန် ကန်ကန် လုပ်ခြင်းသည် ပါရမီဖြည့်ကျင့်ခြင်းတစ်မျိုးဟု ခံယူထားသူပါ။
ဒုတိယလုပ်ငန်းရှင်ကား လုပ်ငန်းသဘောထားနှင့် ပတ်သက်၍ ပထမလူ၏ အတွေးနှင့် ဆန့်ကျင်ဘက်ဝါဒကို ဆုပ်ကိုင်ထား၏။ Chance Never Comes Twice အဆိုကို ဂရုမစိုက်။ Time Is Money ကိုဟာသတစ်ပုဒ် လိုသဘောထား၏။ Price နဲ့ Value ကိုဓာတ်ခွဲကြည့်ဖို့ စိတ်မ၀င်စားပေ။ Customer ရဲ့ အားနည်းချက်ကို အခွင့်ကောင်းတစ်ခုအဖြစ် သတ်မှတ်၏။ ကိုယ့်ကျိုးအတွက်ဆို သင်္ချာတစ်ပုဒ်လို တွက်ချက်တတ်၏။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုး အတွက်ဆိုလျှင် ဘာမဆို လုပ်မည့် လူစားမျိုးဖြစ်၏။ အားငယ်သူကို အနိုင်ကျင့်ဖို့လည်း ၀န်လေးသူမဟုတ်။ လောကကို ကိုယ့်အတွက်သက်သက်သာ အသုံးချဖို့ စဉ်းစားသူပါ။
ဒါနဲ့ သူတို့နှစ်ယောက်ရဲ့ Theory ကို မှတ်ကျောက်တင် ဆန်းစစ်ဖို့ အကြောင်းပေါ်လာ၏။
ဒုတိယ လုပ်ငန်းရှင် ထံသို့ မြေးအဘွားနှစ်ဦး ရောက်လာ၏။ သူတို့နဲ့အတူ ခွက်ကြီးတစ်ခုလည်းပါလာ၏။ အဘွားအိုက စဆို၏ “ဟဲ့ သူငယ် ဒီခွက်ကြီးကို ယူပြီး အဘွားရဲ့ မြေးမလေးအတွက် ရွေးတစ်ကုံးလေးတော့ ပေးစမ်းပါကွယ် ဒီခွက်ကြီးကတော့ ဘာမှတန်ဖိုးမရှိပါ ဒါမေမဲ့ အဘွားမှာ ပေးစရာဆိုလို့နောက်ထပ် ဘာမှမရှိဘူး”။ သူ ခွက်ကြီးကို အသာလေးခြစ်ကြည့်၏၊ ထင်းကနဲ မျက်လုံးပြူးသွားပြီး၊ ရင်တဒုန်းဒုန်းခုန်သွား၏။ အခြေအနေကို အသာလေးထိန်းပြီး“ ဒီမှာ အဘွားအို ခင်ဗျားခွက်ကြီးက ဘာမှတန်ဖိုးမရှိဘူး၊ ကျူပ်ပစ္စည်းနဲ့ ဘာမှလှဲပေးစရာ အကြောင်းမရှိဘူး” ဟုပြောပြီး ခွက်ကြီးကို မြေပေါ် ပစ်ချလိုက်၏။
ပြီးတော့ ကြိတ်၍တွေးပျော်နေမိ၏ စိတ်ထဲမှာလည်း ပြောနေမိ၏ ‘အင်း ခွက်ကြီးကတော့ ရွှေခွက်အစစ်၊ ငါတော့ ပွပြီ၊ ပိုင်ပြီ၊ တန်ဖိုးက နည်းတာ မဟုတ်ဘူး’ သူ့စိတ်ကူးနဲ့ အပျော်ကြီး ပျော်နေ၏။
မတရားနည်းကို အခြေခံထားသော ပျော်ရွှင်မှုသည် အန္တရာယ်ကို လယ်ဆောင်လာမည်ဟူသည့် သဘာဝ နိယာမ ကို သူ သတိမရတော့ပါ။ မိမိဘ၀၊ မိမိအလုပ်၏ ကျဆုံးခန်းဆိုသည်ကိုလည်း သဘော မပေါက်မိ၊ ဒါနဲ့ မရိုးသားတဲ့ နည်းကို အသုံးပြုမိ၏။ ထွက်လာတဲ့ အဖြေက သူ ထင်ထားသလိုမဖြစ်၊ ပြောင်းပြန်ဖြစ်နေ၏။ မေးခွန်းမှားနေမှတော့ အဖြေက ဘာတန်ဖိုးရှိအုံးမှာတုန်း ဆိုတဲ့ Theory ကိုသတိမထားခဲ့။ အသိကား နောက်ကျခဲ့ပြီ၊ ကိုယ့်လုပ်ရပ်က ကိုယ်နဲ့ ထိုက်တန်သလို စီမံပေးသည်ကို နားမလည်၊ သူ့ကြောင့် သူ့ကြောင့် ဆိုပြီး ကိုယ့်အပြစ်ကို သူများအပေါ်ထိုးချပြီး တစ်ဖက်သူကို ရန်သူတစ်ယေက်လို အပြစ်မြင်ပြီး၊ ပြိုင်ဘက်အဖြစ် သတ်မှတ်မိ၏။ မျက်နှာမလိုက်တတ်တဲ့ သဘ၀တရားသူကြီးက ဆုံးဖြတ်ပေးသည်ကို သူနားလည်မှုလွဲ၏။ ဆင်ခြင် သုံးသပ်ရကောင်းမှန်းမသိ၊ နောင်တမရ၊ ထို့အတွက်ကြောင့်လဲ သူ့ကိုယ်သူ ပြုပြင်ဖို့ Second Chance ကိုမရယူနိုင်ခဲ့ခြင်းဖြစ်၏။
အမှန်တရား၏ အရသာကား သူ့အတွက် ခါးသီးသက်မှုသက်သက်သာဖြစ်၏။ နောက်ဆုံး သူ့ဘ၀သည် ပူလောင်၊ကြေကွဲမှု တို့ကိုရင်ဝယ်ပိုက်ပြီး အရုံးဖြင့် ဇာမ်သိမ်းခဲ့ရရှာ၏။ မသာမာတဲ့နည်းကိုသုံးပြီး တစ်ကိုယ်ကောင်း ဆန်မိခြင်းရဲ့ ရလဒ်ပေတည်း။
မိမိတို့ လူမှုအသိုင်းအ၀ိုင်းတွင်လည်း အထက်ပါလူတန်းစား နှစ်ရပ်လုံး ပါဝင်နေကြမည်သာဖြစ်ပါတယ်၊ သတိထားရမည့်အချက်မှာ မိမိတို့သည် ဒုတိယလူတန်းစာရင်းတွင် မပါဝင်မိဖို့ ဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အသိုင်းအ၀ိုင်းဘဲဖြစ်ဖြစ် အဲဒီလို ဒုတိယလူတန်းစား တစ်ဗို့တည်းသမားအင်းအားစုတွေ များလာပြီဆိုရင် အဲဒီနိုင်ငံ၊အသိုင်းအ၀န်းဟာ ကြီးပွား၊တိုးတက်ဖို့ အခွင့်အလမ်းတွေဆုတ်ယုတ်ပြီး မလိုအပ်တဲ့ တွေပြဿနာတွေကို အမြဲလိုရင်ဆိုင်ကြုံတွေ့နေကြရမှာပါ။
မြတ်ဗုဒ္ဓဟာ နိုင်ငံခေါင်းဆောင်တွေကို အဓိကထား ဟောပြောချက်ထဲမှာ ဒါန-စွန့်ကြဲ ပေးကမ်းခြင်း၊ ပရိစ္စာဂ- ချီးမြှောက်ထောက်ပံ့ခြင်းကို ရသင့်ရထိုက်တဲ့ စီးပွားရေး စတဲ့ အခွင့်အရေးတွေကို မျှဝေခြင်း၊ကူညီထောက်ပံ့ပေးခြင်းလို့ ထပ်ဆင့်နားလည်နိုင်ပါတယ်။ အများအကျိုးကို ကိုယ်ကျိုး အတွက်သာ အသုံးမချမိအောင်၊ တစ်ကိုယ်ကောင်း မဆန်မိအောင်၊ လောကတ္ထစရိယ အများကောင်းစားရေး ဦးတည်တဲ့လမ်းစဉ်ကို မဆန့်ကျင်မိအောင် ဟောပြောခဲ့ခြင်းဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ နိုင်ငံခေါင်းဆောင်မိသားစုမှ ဆင်းသက်လာတဲ့ဖြစ်လို့ အုပ်ချူပ်သူလူတန်းစားရဲ့ သဘောသဘာဝကို ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့်စီးပွားရေး၊လူမှုရေး၊ အုပ်ချူပ်ရေး စတာတွေနဲ့ပတ်ပြီး ကျင့်ဝတ် နီတိတွေကို ဟောပြောခဲ့ပါတယ်။ ကျင့်ဝတ် စည်းကမ်း ကိုတွေ လိုက်နာလို့ ကြီးပွားတိုးတက်ကြောင်းသွားကြတဲ့ နိုင်ငံတွေ အကြောင်းကို သမိုင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ပဒေသက္ကရာဇ်စနစ်မှာတောင် ခေါင်းဆောင်လုပ်တွေဟာ အများအကျိုး အတွက် ကျင့်ဝတ် စည်းကမ်း တွေကို လိုက်နာခဲ့ကြရင် ဒီကနေ့ ယဉ်ကျေးပြီး တိုးတက်နေပါတယ်ဆိုတဲ့ ဒီမိုကရေစီ ခောတ်မှာ လူ့ကျင့်ဝတ် နီတိတွေဟာ သက်မဲ့ရုပ်ကြွင်းတစ်ခုလို ဖြစ်နေပြီလားဆိုတာ စဉ်းစရာဖြစ်နေပါတယ်။
ပုံပြင်ထဲကလို လွဲမှားတဲ့ လမ်းစဉ်တွေကို ဆုပ်ကိုင်ထားသမျှ လိုချင်တဲ့ အဖြေမှန်ကို ရဖို့ ခရီးက အလှမ်းဝေးပြီး ခုတ်ရာတစ်ခြား ချပ်ရာတစ်ခြားဖြစ်နေမှာပါ။ ဘာမှားနေတယ်၊ ဘာလုပ်သင့်တယ်၊ ဘာပြင်ဆင်ပြုပြင်သင့်တယ် ဆိုတာ အသိဥာဏ်ရှိတဲ့ လူသားတိုင်း ဝေဖန်စဉ်းစားနိုင်ကြမှာပါ။ It’s never too late to correct mistakes.( အမှားတွေကို ပြုပြင်ဖို့ ဘယ်တော့မှ နောက်မကျ) ဟုကြားဘူးပါတယ်။ ဒါပေမဲ့ အတိုင်းအတာတစ်ခုကို ကျော်လွန်ပြီး အချိန်နှောင်းခဲ့ရင်တော့ ရလာမည့်အဖြေက ဘယ်သူ့အတွက်မှ မကောင်းဘူးဆိုတာ အထက်ပါပုံပြင်လေးက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
စီးပွားရေးလုပ်ရတာဟာ ပြိုင်ပွဲတစ်ခု လိုပါပဲဟု မိမိနှင့် ရင်းနှီးသည့် မိတ်ဆွေထံမှ ကြားခဲ့ရ၏။ မှန်မှန်ကန်ကန် သဘ၀ကျကျ ပြိုင်ဆိုင်လျှင် အဆိုးဟု မဆိုသာသော်လည်း၊ ဒီကနေ့ ပတ်ဝန်းကျင်တွင် မမှန်မကန် သဘာဝ မကျတဲ့ နည်းကသာ များနေပုံပေါ်၏။ ပြိုင်ပွဲနိုင်တိုင်း အောင်မြင်သူ တစ်ယောက်လို့တော့ ပုံသေနည်းနဲ့ ပြောလို့မရနိုင်ပါ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ အချင်းချင်း သဘာဝ မကျတဲ့ နည်းနဲ့ ပြိုင်ဆိုင်မိကြတဲ့အခါ မိတ်ပျက်ကြ၊ ယုံကြည်လေးစားမှု ယိုယွင်းရ၊ နောက်ဆုံး တစ်ဦးနဲ့ တစ်ဦး မပြောနိုင် မခေါ်နိုင် ထာဝရ ဆန့်ကျင်ဘက် ဖြစ်သွားကြ၏။ ပြန်တွေးမိတိုင်း ဒီကောင် ငါ့ကို လူလည်ကျတယ်၊ မရိုသားဘူး၊ ဖျံကြတယ် ဆိုပြီး စိတ်ထဲမှာ ပေါက်ကွဲပြီး အမှန်းတရားတွေ ထပ်ဆင့်ပွားမိ ကြ၏။ စားကျက်လုပြီး ရိုက်ကြ၊ခုတ်ကြတဲ့ အကွဲအပြဲဇာတ်လမ်းတွေကိုလည်းကြည့်ခဲ့ရဘူးပါတယ်။ နိုင်ငံနှင့်လူမျိုးအတွက် အရှက်ရစရာအဖြစ်အပျက်တွေပင်။
မိမိရဲ့ မိတ်ဆွေက သူ့ရဲ့ စီးပွားရေ Policy ကိုဆက်ပြောပါတယ်၊ ကိုယ်ထံကို ရောက်လာတဲ့ Customer တွေကိုအမြဲတမ်း တလေးတစား တန်ဖိုးထား ဆက်ဆံတယ်၊ Customer နဲ့ ကိုယ်နဲ့ကြားမှာ ယုံကြည်မှုတံထားဟာ အရေးသည်ဟုဆို၏ သူတို့တွေကို စိတ်ချမ်းသာအောင် ဆက်ဆံပြီးမှ သူ့အကျိုး ကိုယ့်အကျိုး ဆောင်ရွက်ရတာ ပိုအဓိပ်ပါယ်ရှိတယ်၊ ကိုယ့်ဆီမှာ Customer တွေလိုချင်တဲ့ ပစ္စည်းမျိုးမရှိရင် တောင်၊ အကောင်းဆုံး အကြုံပေးလိုက်တယ် ကိုယ်ချင်းစာစိတ်နဲ့ပေါ့ ၊ ဒါဟာ ကိုယ့်ဆီကို နောက်တစ်ကြိမ် ဖိတ်စရာမလိုဘဲ ရောက်လာမည့် မိတ်ဆွေဟု ဆို၏။ မိမိလည်း သူ့ Policy ကို ရာခိုင်နှုန်းပြည့် ထောက်ခံမိ၏။ လုပ်ငန်းတိုင်းမှာ လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေဟု ယုံကြည်လို့ဖြစ်ပါတယ်။
အထက်တွင်ဖော်ပြခဲ့သောပုံပြင်လေးမှ ကောင်းနိုးရာရာများကို သင့်တော်သလို ထုတ်ယူပြီး လက်တွေ့မိမိတို့ ဘ၀တွင် မှန်မှန်ကန်ကန် အသုံးချတတ်လျှင် မိမိနိုင်ငံ၊လူမျိုး၊ ပတ်ဝန်းကျင်၊လုပ်ငန်းကို တန်ဖိုးမြှင့်ရာရောက်ပြီး၊ မဂ္ဂင် (၈)ပါးတွင် တစ်ပါး အပါဝင်ဖြစ်တဲ့ သမ္မာအာဇီဝ (မှန်ကန်စွာ အသက်မွေးကြောင်း ပြုခြင်း) ဆိုတဲ့ မြင့်မြတ်တဲ့ ကျင့်စဉ်ကိုလည်း ကျင့်ရာ ရောက်ပါတယ်။
ရယူခြင်းသက်သက်၌ အောင်မြင်မှု၊ ကျေနပ်မှုမျိုးကို ရှာဖွေရမည်မဟုတ်၊ ပေးဆပ်မှု၏ တန်ဖိုး၌ သာ စစ်မှန်တဲ့ ကျေနပ်နှစ်သက်မှုမျိုးကို ရယူ ရှာဖွေနိုင်ရမည်ဟု ဗုဒ္ဓ၀ါဒက လမ်းညွှန်းပါ၏။ သို့အတွက်ကြောင့် နေရာတိုင်းမှာ တစ်ကိုယ်ကောင်းမကြံမိအောင် အတ္တကို ပါးသည်ထက်ပါးအောင်ကြိုးစား၍ မိမိအလုပ်မှ စစ်မှန်တဲ့ အောင်မြင်မှုမျိုးကိုရပြီး ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သက် နိုင်ကြပါစေပါစေ၊၊၊၊၊၊၊၊၊
( စကားချပ်။ ။ စီးပွားလုပ်ငန်းရှင် မိတ်ဆွေတစ်ဦးထံမှ စီးပွားရေးအကြောင်းကို ဘာမသိ ညာမသိ နားထောင်ကြည့်မိရာကနေ ကလေးငယ်များ ဖတ်စာတွင်ပါရှိပြီး သော “ရွှေးကုန်သည်နှစ်ဦးဇာတ်” တော် ကိုချယ်မှုံး ခံစားကြည့်မိခြင်းသာ ဖြစ်ပါသည်။)
No comments:
Post a Comment