ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Friday 21 December 2012

မြန်မာရဟန်းတော်များအတွက် ထိုင်းနိုင်ငံတက္ကသိုလ်များလမ်းညွှန် ( A Guide to Universities in Thailand for Myanmar Monks)


ထွက်ပါပြီ။
စအုပ်ရရှိနိုင်သောနေရာများ-

၁၊ မင်္ဂလာရာမပါဠိတက္ကသိုလ်၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်
၂၊ သစ္စာမဏ္ဍိုင်စာအုပ်ဆိုင် (ရွေတိဂုံ တောင်ဘက်မုခ်)
၃၊ မြကြာငုံစာအုပ်ဆိုင် (ရွေတိဂုံ အရှေ့ဘက်မုခ်)
၎၊ ရန်ကုန်ဆောင်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ကမ္ဘာအေး


   ဒေါက်တာ အသျှင်ဥာဏုတ္တရ၏ အမှာစာ

Before anything else, preparation is the key to success.

''အကြောင်းအရာတစ်ခုကို ကြိုတင်လေ့လာပြင်ဆင်ထားမှုသည်  အောင်မြင်မှု၏ သော့ချက်'' ဟု ဆိုကြ၏၊
 ဗုဒ္ဓဘာသာကို ကမ္ဘာ သိအောင် သာသနာပြုလိုသူများနှင့် နိုင်ငံခြားတက္ကသိုလ်များတွင် အဆင့်မြင့်ပညာရေးကိုလိုက်စားလိုသော စာဖတ်သူအရှင်တို့အတွက် ဘာတွေကို ကြိုတင်လေ့လာပြင်ဆင်ထားရမည်ဆိုတာကို စာပြုစုသူ အရှင်ဥာဏိကက အထူးသဖြင့် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များအကြောင်းအရာများကို သူ့အတွေ့အကြုံနှင့် ပေါင်း စပ်ကာ တင်ပြထားသည်။
ဤစာအုပ်သည် မျိုးဆက်သစ် မြန်မာရဟန်းပျိုများအတွက် နိုင်ငံတကာအဆင့်မြင့် ပညာရေးအခွင့်အလမ်းကို မီးမောင်းထိုးပြထား ခြင်း၊  ဆိုင်ရာဘွဲ့သင်တန်းများအတွက် သိသင့်သိထိုက်သော အချက် အလက်များကို ရိုးရှင်းစွာ တင်ပြပေးထားခြင်း၊ 
ထပ်၍ဆိုရသော် ဤ စာအုပ်သည် ထိုင်းနိုင်ငံ၊ တက္ကသိုလ်များတွင် ပညာသင်ကြားကြမည့် မျိုးဆက်သစ်အရှင်များကို အပြည့်အ၀ အထောက်အကူပေးမည့်
စာအုပ်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် အမှာစကား ရေးသား လိုက်ပါသည်။

                ဒေါက်တာ အသျှင်ဥာဏုတ္တရ
               ကေလဏိယတက္ကသိုလ်၊ သီရိလင်္ကာ
   ရက်စွဲ၊ ၂၀၁၂-ခု ဒီဇင်ဘာလ ၁၂ ရက်

No comments:

Post a Comment