ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Saturday 25 June 2011

စိတ်ကို စောင့်ရှောက် ချမ်းသာရောက်

မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးအား “ဒါယကာ စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကို လည်းစောင့်ရှောက်သည် မမည်။ ၀စီကံကိုလည်း စောင့်ရှောက်သညမမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မသည်။ ကိုယ်အပြု အမူ(ကာယကံ)၊ နှုတ်အပြောအဆို(၀စီကံ)၊ စိတ်အတွေးအကြံ (မနောကံ)ကို မစောင့် ရှောက်သူသည် ပူလောင်မှုတို့ဖြင့်ဖြစ်၏၊ ကိုယ်အပြု အမူ၊ နှုတ်အပြောအဆို၊ စိတ်အတွေးအကြံတို့ဖြင့် ပူလောင်သောသူအား ကောင်းသော အသက်ရှင်ခြင်း၊ သေခြင်း မဖြစ်နိုင်။
ဒါယကာ အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးမထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည်မည်၊ အခြင်ကိုလည်းစောင့်ရှောက်သည် မမည်၊ နံရံကိုလည်း စောင့်ရှောက်သည် မမည်၊ ထိုသို့ စောင့်ရှောက်ခြင်း မရှိသော အမိုး၊အခြင်၊နံရံစသည်တို့သည် မိုးရေတို့ဖြင့် စိုစွတ်ပြီး၊ ဆွေးမြေ့ခြင်း၊ ယိုယွင်းခြင်း၊ ပျက်စီးခြင်းသို့ရောက်ကုန်၏။

ဒါယကာ စိတ်ကို စောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မည်၏။ ၀စီကံကိုလည်း စောင့်ရှောက်သည်မည်၏၊ မနောကံကိုလည်း စောင့်ရှောက်သည် မည်၏။ ကိုယ်အပြု အမူ၊ နှုတ်အပြောအဆို၊ စိတ်အတွေးအကြံကို စောင့် ရှောက်သူသည် ပူလောင်မှုတို့မှ ငြိမ်းအေး၏၊ ကိုယ်အပြု အမူ၊ နှုတ်အပြောအဆို၊ စိတ်အတွေးအကြံတို့ဖြင့် ပူလောင်ပူငြိမ်းအေးသောသူအား ကောင်းသောအသက်ရှင်ခြင်း၊ သေခြင်း ဖြစ်နိုင်၏။
ဒါယကာ အထွတ်တပ်သော အိမ်ကို ကောင်းစွာ မိုးထားလျှင် အထွတ်ကိုလည်း စောင့်ရှောက် သည်မည်၏၊ အခြင်ကိုလည်းစောင့်ရှောက်သည် မည်၏၊ နံရံကိုလည်း စောင့်ရှောက်သည် မည်၏၊ ထိုသို့ စောင့်ရှောက်ခြင်း ရှိသော အမိုး၊အခြင်၊နံရံစသည်တို့သည် မိုးရေတို့ဖြင့် မစိုစွတ်၊ ဆွေးမြေ့ခြင်း၊ ယိုယွင်းခြင်း၊ ပျက်စီးခြင်းသို့လည်းမရောက်ကုန်။”

(အက္ခိတသုတ်၊ အင်္ဂုတ္တရနိကာယ်)

The householder Anàthapiõóika approached the Blessed One, worshipped and sat on a side the Blessed One said thus to him: Householder, when the mind is not protected bodily actions are not protected, so also verbal and mental actions. When bodily, verbal and mental actions are not protected, bodily actions leak, verbal actions leak and mental actions leak When bodily, verbal and mental actions leak, bodily actions stink, verbal actions stink and mental actions stink. Householder, to one with stinking bodily, verbal and mental actions, there is no auspicious death.
Householder, in a gabled house that is not well thatched the gable is not protected, the beam supporting the framework of the roof is not protected, the walls are not protected. Then there is leaking on the gable, on the beam supporting the framework the roof and on the walls. Then there is decaying of the gable, the beam supporting the framework of the roof and the walls. In the same manner householder, when the mind is not protected, ... re ... ñhere is no auspicious death.
Householder, when the mind is protected bodily actions are protected, so also verbal and mental actions. When bodily, verbal and mental actions are protected, bodily actions do not leak, verbal actions do not leak and mental actions do not leak When bodily, verbal and mental actions do not leak, bodily actions do not stink, verbal actions do not stink and mental actions do not stink. Householder, to one with not stinking bodily, verbal and mental actions, there is an auspicious death.
Householder, in a gabled house that is well thatched the gable is protected, the beam supporting the framework of the roof is protected, the walls are protected. Then there is no leaking on the gable, on the beam supporting the framework the roof and on the walls. Then there is no decaying of the gable, the beam supporting the framework of the roof and the walls. In the same manner householder, when the mind is protected ... re ... there is an auspicious death.

(Arakkhitasutta၊Anguttara Nikaya)

No comments:

Post a Comment