ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Friday 6 May 2011

မေတ္တာပွားခြင်း အကျိုးကြီးပုံ

ရဟန်းတို့၊ အကြင်သူသည် နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် မွန်မြတ်သော ထမင်း၊ ဆွမ်းဘောဇဉ်တို့ဖြင့်ပြည့်သော ထမင်းအိုးတစ်ရာဖြင့် အလှူကို ပေးလှူရာ၏။ အကြင်သူကား
နံနက်အခါ၌ဖြစ်စေ၊နေ့လည်အခါ၌ဖြစ်စေ၊ညနေအခါ၌ ဖြစ်စေ
နွားနို့တညှစ်ခန့်ကာလမျှလည်း မေတ္တာစိတ်ကို ပွားများရာ၏၊ ဤသို့
နွားနို့တညှစ်ခန့်ကာလမျှ မေတ္တာစိတ်ကို ပွားခြင်းသည် ထိုတစ်နေ့သုံးကြိမ်
ပေးလှူခြင်းထက် ပို၍အကျိုးကြီး၏။ ထို့ကြောင့် သင်တို့သည် မေတ္တာစိတ်ကို ပွားများရန် လေ့ကျင့်အားထုတ်အပ်၏။

( သြက္ခာသုတ်၊နိဒါန၀ဂ်၊သုံယုတ္တနိကာယ်)

No comments:

Post a Comment