ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Monday 14 February 2011

လွတ်မြောက်မှုရှာဖွေ ခရီးသည် (၁)


သူကား ငယ်ငယ်ကတည်းက ဘ၀မှာ အစစအရာရာ လောလောသေးမရှိအောင် ပြည့်စုံခဲ့ပြီး စည်းစိမ်ချမ်းသာမှုတွေ ကြားမှာ ကြီးပြင်းခဲ့ရသူဖြစ်၏၊ (၇) ရက်သားအရွယ်ကတည်းက မိခင်လူ့လောကကို စွန့်ခွာသွားခဲ့ပေမဲ့ မိခင် မေတ္တာမငတ်ရအောင် မိခင်အသစ်ကို ရှာပေးခဲ့ကြ၏ သူ့အသိုင်းအ၀ိုင်းတစ်ခုလုံးက ပြုစုစောင့်ခဲ့ကြ၏ သူ့အတွက်ဆို အစစအရာရာ ဖြည့်ဆည်းပေးကြ၏ အလိုလိုက်ကြ၏၊  သူဟာ သာမန်ကလေးငယ်       တစ်ယောက်မဟုတ်ဘူးဆိုတာ သူ့အသိုင်းအ၀ိုင်းက အကြွင်းမဲ့ ယုံကြည်ကြ၏ ဒါကြောင့် အခွင့်အာဏာ အမြင့်ဆုံးရှိတဲ့ သူ့ဖခင်ကအစ ဆွေမျိုးအားလုံးက သူ့ကို ရိုသေ လေးစား ချစ်ခင် မြတ်နိုးကြ၏ သူ့အပေါ် ကြီးမားတဲ့ မျှော်လင့်ချက်တွေ အများကြီးထားကြ၏။
လက်ရှိအနေဖြင့် သူဟာ အခွင့်အာဏာ စိည်းစိမ်ချမ်းသာတို့ကို သူ့ဖခင်ပြီးလျှင် ဒုတိယအဆင့် ပိုင်ဆိုင်ထားသူဖြစ်ပြီး အလှမှာစံတင်ရလောက်အောင် အိမ်သူဇနီးချောနဲ့အတူ သာယာတဲ့အိမ်ထောင်သည်  ဘ၀ကို ပိုင်ဆိုင်ထားသူလည်းဖြစ်၏၊ သူ့တစ်မျိုးသားလုံးအတွက် မကြာခင်တော့တဲ့ အချိန်မှာ ဘုရင်တစ်ပါးအဖြစ် အမွေဆက်ခံ ရမှာဖြစ်၏၊ သို့အတွက်ကြောင့် သူဟာအင်မတန်မှ အရေးကြီးတဲ့သူဖြစ်၏ 
 ဒီလိုနဲ့ အချိန်တွေကို ဖြတ်သန်းလာခဲ့တာ ယခုဆိုလျှင် သူ့အသက် (၂၉) နှစ်ပင် ရှိနေပြီ။ ခါတိုင်းလိုဘဲ သူ့ကိုယ်ရေးအရာရှိနှင့်အတူ မြင်းလှည်းစီးပြီး နန်းတော်မှ ဥယဉ်တော်သို့ အပျင်းပြေထွက်လာကြ၏၊ လမ်းတစ်လျှေက်လုံးမှာ သူ့ကိုသိတဲ့သူတိုင်း အရိုအသေပေး နုတ်ဆက်ကြ၏၊ အပြင်ပတ်ဝန်းကျင်ကား သူ့နေရာ နန်းတော်ကြီးနှင့် တစ်ခြားစီပါ၊ သွားပံ့လာပုံ ပြောပုံဆိုပုံ ကအစအတော်ကွာခြားကြ၏၊ ဘ၀လူနေမှုစနစ် အဆင့်အတန်း၊ လူမျိုးတန်းစား၊ဆင်းရဲချမ်းသာ စသောကွာခြားမှုတွေကို သူသတိပြုမိ၏၊  တိုက်တိုက်ဆိုင်ဆိုင် သူ့ဘ၀မှာ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အသက်ကြီးရင့် အိုမင်းမစွမ်းသူ၊ အနာရောဂါတွေကြောင့် ဆင်းရဲဝေဒနာခံစားနေရသူ၊ အသက်ကင်းမဲ့နေတဲ့ လူသေအလောင်းကောင် ဒါတွေဟာ သူဘယ်တုန်းကမှ ထင်မှတ်မထားတဲ့အရာတွေပါ ဒါတွေကို မြင်တွေ့ရတော့ သူ မအံသြဘဲ မနေနိုင်ပါ သူ့မျက်စိကိုပင် သူ မယုံနိုင်လောက်အောင်ဖြစ်မိ၏၊ သူ့ရဲ့ကိုယ်ရေးအရှိက သေသေရှာရှာ ရှင်းပြလိုက်မှ လူဆိုတာ အိုရတတ်တယ်၊ နာရတတ်တယ်၊ သေရမယ်ဆိုတာ သူ နားလည်သွား၏၊ ဒါ့အပြင် အိုရ၊ နာရ၊ သေရခြင်းဆိုတာ လူသားတိုင်း တစ်နေ့ ရင်ဆိုင်ကြရမှာပါလားလို့ ရင်ထဲမှာ လေးလေးနက်နက် အသိဝင်သွား၏၊ အဲဒီအချိန်ကစပြီး သူ့ရင်ထဲမှာ စွဲကျန်ရစ်ခဲ့ အမြင်အာရုံတွေက သူ့ခေါင်းထဲမှာ အမြဲလိုနေရာယူထား၏၊ သူ့ရဲ့ အမူအရာတွေသိသိသာသာ ပြောင်းလဲလာ၏ ခါတိုင်းရက်တွေလို ရွှင်ရွှင်လန်းလန်းသိပ်မရှိလှ တစ်ခါတလေ တမှိုင်မှိုင်နဲ့ အတွေးနယ်ချဲ့နေမိ၏၊ သူ စိတ်ထဲမှာ တစ်စုံတစ်ခုကို အလေးအနက်ထား တွေးနေတာ မိသားစုဝင်များရိပ်မိကြ၏၊
နောက်တစ်ကြိမ် ဥယဉ်ကို အသွားမှာတော့ ကံကောင်းထောက်မစွာနဲ့ပင် သူ့ရင်ထဲက ပုစ္ဆာကို ဖြေရှင်းနိုင်မည့် အလင်းရောင်တစ်ခုကို သူ ရလိုက်၏၊ သူ နောက်ဆုံး တွေ့လိုက်ရတဲ့ ထူးခြားတဲ့ အရာက သူ့စိတ်ကို အတော်ကလေး စိတ်ချမ်းသာမှုရစေ၏၊ ကိုယ်ရေးအရာရှိကို မေးကြည့်မှ ဆင်းရဲဘေးဒုက္ခအပေါင်းမှ လွတ်မြောက်အောင် အိမ်ရာတည်ထောင် လူ့ဘောင်လောကို စွန့်ပြီး ကိုယ်ကျင့်သီလကို လှုံအောင်ထိန်းပြီး ခြိုးခြံကျင့်ကြံ အားထုတ်တဲ့ ဘ၀ကိုမြတ်နိုးပြီး ခြေသလုံးအိမ်တိုင်နဲ့ ဟိုဟိုဒီဒီ လှည့်လည်သွားလာနေထိုင်တဲ့ သမဏ (ရသေ့၊ရဟန်း) ဆိုတာ သူ သိလိုက်ရတယ်၊  သူ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်၊ ပြီးတော့ သူ့ကိုယ်ရေးအရာရှိကို ပြောလိုက်တယ် “လွတ်မြောက်မှုကို ရှာဖွေဖို့ နန်းတော်ကနေ ငါ ဒီည စွန့်ခွာမယ်” ။
ပူပူနွေးနွေးချစ်စဖွယ်သားလေးကို ချစ်ရတဲ့ဖခင်တစ်ယောက်ရဲ့ သံယောဇဉ်မျိုးကလည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို မတားဆီးနိုင်တော့ပါ… ဘယ်လို တန်ခိုးတန်ရှင် စွမ်းအားရှင်တွေကတားစီးပါစေ သူ့ရဲ့ ခရီးစဉ်ကိုတော့ ဘယ်တော့မှ အပျက်ခံလိုက်မည်မဟုတ်ပါ…
သူကား အမှောင်ကမ္ဘာမှ လွတ်မြောက်ရာကိုရှာဖို့ ချစ်သား၊ ချစ်ဇနီးနဲ့ ပိုင်ဆိုင်မှု အားလုံးကိုစွန့်ပစ် ထွက်ခွာသွားခဲ့တဲ့ ကမ္ဘာ့လူသား လွတ်မြောက်မှုရှာဖွေ ခရီးသည် သိဒ်ဓတ္ထမင်းသားပင်ဖြစ်၏။
                                                        ( အခန်းဆက်ရေးနိုင်အေင် ကြိုးစားသွားပါမည်)

No comments:

Post a Comment