ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Saturday, 24 September 2011

မွေးဖွားပြီးချင်း သေးဆုံးသွားတဲ့ မိခင်နဲ့အတူ မြေမြုပ်ခံရမည့် အသက်ရှင်လျက်ရှိ မွေးခင်းစကလေးငယ်ကို ကျန်းမာရေး ၀န်ထမ်းတစ်ဦး ကယ်တင်နိုင်ခဲ့

     ကလေးကို ကျန်းမာရေးဌာနကစောင့်ရှောက်ထားပုံ
 
 
စက်တင်ဘာ ၂ ရက်နေ့က၊ ဗီယက်နမ်နိုင်ငံ၊ Quang Na နယ်၊ တောင်ပေါ် ရွာလေးတစ်ရွာ မှာ ဖြစ်ခဲ့တာပါ၊  အသက် ၃၃ နှစ်ရှိ အမျိုးသမီး Ho Thi Yen ဟာ သားလေးကို မွေးဖွားပြီး မကြာခင် သွေးထွက်လွန်ရာကနေ သေးဆုံးသွားခဲ့ပါတယ်။ ဒေသဓလေ့ ယုံကြည်မှုအရ ကလေးမွှေးပြီး သေးဆုံး သွားတဲ့ မိခင်နဲ့တူ မွေးကင်းစကလေးကိုပါ တစ်ပါတည်း မြှပ်နှံပစ်ဖို့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ရွာသားတွေက စီစဉ်ကြပါတယ်။ ဒီအကြောင်းကို ကြားသိရပြီး အဲဒီဒေသရဲ့ ကျန်းမာဝန်ထမ်း အမျိုးသမီးတစ်ဦး ဖြစ်တဲ့ Ho Thi Hieu ဟာ မွေးကင်းစ ကလေးငယ်ရဲ့ အသက်ကို ကယ်နိုင်ဖို့ မိသာစုဝင်တွေနဲ့ ရွာသားတွေထံမှာ အသနားခံပါတယ်။ ဒါပေမဲ့ သူတို့က လက်မခံပဲ ပယ်ချခဲ့ပါတယ်။ နောက်ဆုံးဘယ်လိုမှ မေတ္တာရပ်ခံ မရအဆုံး သူမဟာ ကလေးကို လျှပ်တစ်ပျက် ကောက်ပွေ့ပြီး ကျန်းမားရေးဌာနထဲကို တစ်ဟုန်ထိုး ပြေးဝင်ခဲ့ပါတယ်။ နောက်ဆုံး Hieu ဟာ တန်ဖိုးရှိတဲ့ လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ကလေးကို  Quoc Khank (အမျိုးသားနေ့) ဆိုပြီး နာမည်ပေးလိုက်ကြပါတယ်။ ဒီဖြစ်ရပ်နဲ ပတ်သက်ပြီး ဖမ်းဆီးခံရသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါ။
                         (Source:http://talkvietnam.com ဒီမှာမူရင်းသတင်း

အထက်ပါဖြစ်ရပ်ကို ဒီနေ့ထုတ် Bangkok Post သတင်းစာက တဆင့်ဖတ်ရပြီး အသေးစိပ်သတင်းကို ထုံးစံအတိုင်း Internet မှာရှာကြည့်ပါတယ်။
ဒီသတင်းကို ဖတ်ပြီး အတော်လေး စိတ်မချမ်း မသာဖြစ်မိတယ်။ ဒီလို ရုးရုး ကြောင်ကြောင် စိတ္တဇ အယူအဆ၊ အစွဲအလမ်းတွေက အတော်ဒုက္ခပေးတာပဲလို့။ လူ့အသက်တစ်ချောင်းဆိုတာ လွယ်လွယ်နဲ့ ရတဲ့အရာ မဟုတ်။ အသက်ပေးပြီး မွေးပေးသွားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုမှ မထောက်ထား မစာနာ ကလေးငယ်ကို အသက်ရှင်လျှက် မြေမြှပ်ပစ်ဖို့ စဉ်းစားဝံ့ကြတယ်။ အမှန် မြေမြှပ်ပစ်ရမှာက အဲဒီ ရုးရုး ကြောင်ကြောင် ပုပ်သိုးနေတဲ့ အယူအဆတွေကိုပါ။ 

မိခင်တွေဟာ ကိုယ့်အသက်ထက် သူတို့ရဲ့ သား သမီးတွေ အသက်ရှင်ဖို့အတွက်ကိုသာ ဦးစားပေး စဉ်းစားကြပါတယ်။ တကယ်လို့ဒီအကြောင်းကို Quoc Khanh ရဲ့ မိခင် တမလွန်ကနေ သိမယ်ဆိုရင် ရင်နာလို့ ဆုံးမှာ မဟုတ်ဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်၊ မြန်မာနိုင်ငံက တစ်ပင်တိုင်မင်းသမီး ရှင်မွေးလွန်း အကြောင်း သွားသတိရမိတယ်၊ ဒီနေရာမှာ ရှင်မွေးလွန်းက အတော်လေး ကံကောင်းသေးတာပဲလို့ ဘာကြောင့်လဲဆိုတော့ မင်းသမီးကို မကောင်းဆိုးဝါးတွေပါလာမှာစိုးလို့ဆိုပြီး နန်းတော်ထဲ ၀င်ခွင့်မပြုဘဲ မြို့ပြင်မှာ အဆောင်အယောင် နဲ့ နေစေတာကလွဲလို့ ဘာအသက်အန္တရာယ်မှ မရှိခဲ့ပါဘူး။ ဗီယက်နမ်က Quoc Khanh လောက် အခြေအနေမဆိုးခဲ့ပါ၊ တော်သေးတယ် မြန်မာနိုင်ငံမှာ အဲဒီအစွဲအလမ်းတွေ စောစောပျောက်သွားတာ။

Tuesday, 20 September 2011

မိမိတို့ တက္ကသိုလ်အနီး စပါးစိုက်ခင်းများရေလွမ်းမိုးခံနေရပုံ

ထိုင်းနိုင်ငံတစ်ဝှမ်း နေရာတော်တော်များများမှာ လွန်ခဲ့တဲ့ နှစ်လ လောက်ကစပြီး ရေကြီးမှု ဒဏ်ကိုဆိုးဆိုး ရွားရွားခံနေရပါတယ်။ ရက်ရှည် ရေလွမ်းမိုးမှုကြောင့် လမ်းတံတား၊ အိုးအိမ်၊ စိုက်ပျိုးမြေယာတွေ အမြောက် အများ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိအခြေအနေထိ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ထိုင်းဘတ် ဘီလီယံ ၂၀ ခန့် ရှိကြောင်း မနေ့ကထုတ် Bangkok Post အင်တာနက်သတင်းစာမျက်မှာ ပါရှိခဲ့ပါတယ်။

ရေဘေးကြောင့် အစိုးရဌာနက အတည်ပြုစာရင်း သေဆုံးသူ (၁၂၃) ဦးရှိသွားပြီလို့ ဒီကနေ့ထုတ် Bangkok Post အင်တာနက် သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။  

အောက်ဖော်ပြပါ ဓာတ်ပုံများကတော့ မိမိတို့တက္ကသိုလ်အနီး ရိတ်သိမ်းချိန်တန်နေတဲ့ စပါးကွင်းများ ရေလွမ်းမှုခံနေရတာကို ဒီကနေ့ ညနေဖက်က ကိုယ်ကိုတိုင် ရိုက်ယူခဲ့ပါတယ်။

ရေထဲမှ စပါးတွေကို  ကြိုးစားပြီး ရသလောက်ဆယ်ယူနေကြတဲ့ လယ်သမားတွေပါ။ 




တက္ကသိုလ်ဝင်းလည်း ကျောင်းသားတွေအတွက်သာမဟုတ် လယ်သမားတွေအတွက်ပါ အရေးကြီး

စပါးတွေကို ဆယ်ယူဖို့ ပေါ့ပြား၊လှေတွေကို အသုံးပြုရ

အနားယူတဲ့ တဲ အခုတော့ ရေထဲမှာပါ

ရေဖုံးလွမ်းနေတဲ့ စပါးကွင်းထဲမှာပါ


ကံကောင်းလို့ တက္ကသိုလ်က ရေလွမ်းမှု မခံရတာ

ရိတ်သိမ်းချိန်တန်နေပေမဲ့ ရေကြီးလို့ ဘာမှမတတ်နိုင်

ရေထဲမှာ ပျက်စီးဆုံးရှုံးနေတဲ့ စပါးပင်တွေ


ရေအောက်ရောက်နေတဲ့ စပါးစိုက်ခင်း
လက်လွှတ်ဆုံးရှုံးရတော့မည့် စပါးကွင်း
ရေလွှမ်းမိုးခံနေရတဲ့ စပါးစိုက်ကွင်း
ခံစားတတ်သူတွေအတွက် ပန်းချီကားတစ်ချပ်ဖြစ်ပေမဲ့ ပိုင်ရှင် လယ်သမားအတွက်တော့ ရင်ပူရတဲ့ မြင်ကွင်းပါ
ခံစားတတ်သူတွေအတွက် ပန်းချီကားတစ်ချပ်ဖြစ်ပေမဲ့ ပိုင်ရှင် လယ်သမားအတွက်တော့ ရင်ပူရတဲ့ မြင်ကွင်းပါ

Sunday, 17 April 2011

Songkran (သင်္ကြန်) road toll rises to 229

  • Published: 17/04/2011 at 11:31 AM
  • Online news: Local News
A total of 229 people were killed and 3,172 others injured in 2,932 road accidents from April 11 to 16, the Disaster Prevention and Mitigation Department reported on Sunday.
On Saturday, 41 people were killed and 386 others injured in road accidents, according to the department.
Nakhon Sawan had the largest fatalities, 13, followed by Bangkok and Ayutthaya (11 each).
The department reported the road toll for the first six days of the “seven dangerous days” of Songkran festival at 188 yesterday.
Source: http://www.bangkokpost.com/news/local/232308/songkran-road-toll-rises-to-229 
Source: http://www.bangkokpost.com/breakingnews/232061/songkran-road-toll-reaches-148
http://www.bangkokpost.com/news/local/232005/full-blast-songkran














Thursday, 24 March 2011

Earthquake Devastation Reported in Shan State ( ရှမ်းပြည်နယ်တွင် အင်အားပြင်းငလျင်လှုပ်)

More than 40 people were killed in Tarlay, a town in Burma's eastern Shan State, following last night's magnitude 6.8 earthquake, according to rescue and relief department sources in Naypyidaw.
Map locates strong earthquake in Shan State. (Graphic: AP)

Patients in Chiang Rai, Thailand, were evacuated from a hospital following the earthquake

 http://www.bbc.co.uk/news/world-asia-pacific-12852237
More casualties were expected amid reports of widespread devastation in the area, where many buildings, roads and bridges were destroyed by the earthquake that struck at 8:25 pm local time on Thursday.

Friday, 18 March 2011

Agency: Japanese nuclear crisis on par with 3 Mile Island


Tokyo (CNN) -- Japan's nuclear and industrial safety agency on Friday raised the level for the crisis at the Fukushima Daiichi nuclear plant from a 4 to 5 -- putting it on par with the 1979 incident at Pennsylvania's Three Mile Island.
According to the International Nuclear Events Scale, a level 5 equates to the likelihood of a release of radioactive material, several deaths from radiation and severe damage to a reactor core.
Chernobyl, for example, rated a 7 on the scale, while Japan's other nuclear crisis -- a 1999 accident at Tokaimura in which workers died after being exposed to radiation -- was a 4.
In Pennsylvania, a partial meltdown of a reactor core was deemed the worst nuclear accident in U.S. history.